Thursday, October 29, 2009

PYTHON in Factory

ဒီနေ့ မနက်စောစော အလုပ်ကို ရောက်ရောက်ခြင်း လုံခြုံရေးတွေက မြွေတစ်ကောင်မိထားတယ်တဲ့ သွားကြည့်တော့ Python (စပါးအုံး) မြွေဖြစ်နေတယ် ကိုစိုးမင်း ကိုတောင် သတိရသွားတယ် :D ဒါနဲ့ ဘယ်မှာမိတာလဲဆိုတော့ Compressor တွေပေါ်မှာ အစာလာရှာတာထင်တယ်တဲ့ အဲ့ဒီမှာတွေ့တာလို့ လုံခြုံရေးတွေကပြောပါတယ်။ ကျတော်ကတော့ သတ်မစားဖို့တောင်းပန်ထားတယ်၊ သူတို့ကလဲ ဂျိုဟိုးက တိရိစ္ဆာန် ထိန်းသိမ်းရေးကို ဖုန်းဆက်ထားတယ်လို့ပြောပါတယ်၊ အထီးလား အမလားတော့ ကျတော်လဲ မခွဲတတ်ပါ၊ လောလောဆယ်တော့ သူလဲတော်တော်နာသွားတယ် လူသုံးယောက်ဝိုင်းဖမ်းရတယ်တဲ့၊ အရှည် ၉ပေကျော် လုံးပတ်ကတော့ ခန့်မှန်းခြေ ၅ လက်မကျော်မယ်ထင်တယ်၊ (ကွန်ပရက်စာတွေမှာ ငှက်တွေလာညအိပ်တယ်၊ ကြောင်တွေက ငှက်ခုတ်တယ်၊ (သူက ကြောင်ကို လာဖမ်းတာဖြစ်မယ်) ကျတော့ စိတ်ထင်ပါ :)၊ ဒီ မလေးက စက်ရုံတော်တော်များများဟာ တောတွေနဲ့နီးလို့ မျောက်၊ ဖွတ်၊ မြွေတွေ ခဏခဏ တွေ့ရ ဖမ်းမိကြတယ်၊ ဒီမနက်မှာ မြွေတွေ့တာဆိုတော့ အတိတ်ကောက်ပြီး ၄လုံးထီ သွားထိုးရဦးမယ် :D။

1 comment:

  1. လာလည္ပါတယ္အကိုေရ။
    www.mgkyawswarnyein.blogspot.com

    ReplyDelete