Thursday, July 30, 2009

Password crack with BackTrack Live CD

မိမိ ကွန်ပြူတာ password မေ့သွားတာဖြစ်ဖြစ်၊ အရေးကြီး လို့ password တွေကို ဖျက်ပြစ်ဖို့လိုလာရင် ကျတော် ကတော့ BackTrack live CD ကိုအသုံးပြုပြီးဖျက်ပြစ်ပါတယ်၊ ဒေါင်းလုတ် လုပ်ရန်အတွက် link ကိုနှိပ်ပါ သို့မဟုတ် official site http://www.remote-exploit.org/backtrack_download.html မှာဝင်ဆွဲလို့ ရပါတယ်။ အသုံးပြုပုံကတော့ ဒီလိုလေးပါ။

၁။ BackTrack CD Ver (2 or 3) နဲ့ boot တက်ပါ။
၂။ boot တက်သွားပြီးရင် konslole ကိုဖွင့်ပြီးတော့ အောက်က commad လေးတွေကို အစဉ်လိုက် ရေးထည့်ပါ။
- cd /pentest/password/chntpw
- chntpw /mnt/sda1/WINDOWS/system32/config/SAM
ပြီးရင် နံပါတ် ၁ ကိုရွေးပါ၊ ဒါဆိုရင် သင့်ကွန်ပြူတာရဲ့ administrator password က blank ဖြစ်သွားပါပြီ၊
BackTrack CD ကိုပြန်ထုတ်ပြီး ပုံမှန်အတိုင်း စက်ပြန်ဖွင့်လိုက်ပါ၊ ဒါဆိုပြေလည်သွားပြီပေါ့
မှတ်သားရန် - မိမိစက်က HDD သည် ရိုရိုး PATA လား SATA လားဆိုတာကိုသိဖို့လိုပါတယ်။
- sda1 သည် SATA ကိုဆိုလိုခြင်းဖြစ်သည်၊ PATA ဖြစ်ပါက hda1 ဟုအစားထိုးသုံးသင့်ပါတယ်။

Zawgyi vs Unicode 5.1

ယူနီကုဒ် 5.1 နှင့် ဇာ်ဂျီဖောင့် တို့၏ မြန်မာစာ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး အဓိပ္ပါယ်ဖွင့်ဆိုမှု အသစ် :)

-ျ ပင့် - သူ့ဟာကောင်းတယ် ငါ့ဟာကောင်းတယ်ဆိုပြီး ပင့်ပြော
-ြ- ရစ် - မညှိပဲ တစ်ယောက်နဲ့ တစ်ယောက်ရစ်
-ွ ဆွဲ - အခု ရှိတာတွေဆွဲ ထုတ်ပြီး (IT သမားတွေ ဆိုတော့ ဝက်အူလှည့်တို့ ဓါးတို့ပေါ့ဗျာ:P)
- ထိုး - ထိုးကြတော့မယ်ပေါ့ :)

--ံ - မင်းငါ့ကို သေးသေးမတင်နဲ့
--ီ - ငါလုံးကြီးတင် စံခတ်ပြစ်လိုက်မယ်
--ိ - လုံးကြီးတင်တော့ စိတ်မဝင်စားဘူး --င်ကြီးလုံးတော့ စိတ်ဝင်စားတယ် B)


-ာ၊ -ါ - မှောက်ချမလား ဝိုက်ချမလား (ဖဲကိုပြောတာနော် :)
ပ္ပ - သတ္တိရှိရင် မင်းနဲ့ ငါနဲ့ ပက်ပြိုင်ဆင့်မလား - ဘယ်သူပက် ပိုများလဲ လို့ (စာတွေး တွေးကြပါရန်)

ပျော်တတ်လို့နောက်တာပါ၊ စိတ်လဲ မဆိုးကြပါနဲ့ း)၊ နောက်ထပ် -ှ၊ -ု၊ -ူ၊ -း၊ ေ-၊ -့၊ -ဲ တို့ကိုလဲ အဓိပ္ပါယ်ဖွင့်ပေးကြပါဦး၊

IP address, default gateway, DNS assign for Linux

Linux မှာ IP, Default Gateway နဲ့ DNS ထည့်တာလေးတွေကို မှတ်မိသလောက် ရှာတွေ့သလောက်လေး ရေးပေးပါ့မယ်။ Google ကရှာထားတာပါပဲ၊ များသောအားဖြင့် Linux နဲ့ ပတ်လက်လို့ ကျတော် BackTrack ကိုအသုံးများပါတယ်။ အခြားသော Linux like OS တွေအတွက် အနည်းငယ် ကွဲပြားမလားတော့ မသိဘူး၊
konsole / terminal ကိုဖွင့်ပါ၊ ပြီး ရင် အောက်မှာဖေါ်ပြထားတာလေးတွေကို ရိုက်ကြည့်ပါ။

IP address အတွက် ifconfig eth0 xxx.xxx.xxx.xxx netmask xxx.xxx.xxx.xxx

Default Gateway အတွက် route add default gw xxx.xxx.xxx.xxx eth0

DNS အတွက်ကတော့ ဒီ command လေးကို konsole / terminal မှာ အရင် ရိုက်ကြည့်ပါ cad /etc/resolv.conf ဒါဆိုအောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်၊

# Generated by dhcpcd for interface eth0
nameserver xxx.xxx.xxx.xxx
nameserver xxx.xxx.xxx.xxx

ဒါဆိုရင် ကိုယ်ထည့်ချင်တဲ့ DNS address ကိုထည့်ဖို့ /etc/resolv.conf ဆိုတဲ့ ဖိုင်လေးကို ရှာပြီး ဖွင့် address တွေကိုပြင် ပြီးရင် save လုပ်ပါ၊ ဒါဆိုရင် အားလုံး ပြေလည်သွားပါလိမ့်မယ်။

ရှင်းလင်းချက်- eth0 - NIC ကိုဆိုလိုပါတယ်။ ath0 ကတော့ onboard wireless NIC, rausb0 ကတော့ USB wireless adapter ကိုဆိုလိုပါတယ်။
*xxx* ကိုယ်ပေးချင်တဲ့ IP ပါ ( for IP ver 4.0)။ xxx ဆိုလို့ ပေါက်ကရတွေ မကြည့်နဲ့နော် :)
PS : ကျတော်သိသလောက် ဤမျှသာ :) ပြေလည်ကြပါစေဗျာ .....



Wednesday, July 29, 2009

MS Excel

Excel ဖိုင်ကို mouse နဲ့ နှစ်ချက်နိုပ်ပြီး ဖွင့်လို့မရတာ ကြုံဖူးကျမှာပါ၊ ဒါဆိုရင် ဒီလိုလေး လုပ်ပြီးတော့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ Tools > Option > General Tab > Clear Ignore other application ကိုသွားပြီးတော့ အမှတ်ချစ်လေးကို ဖြုတ်လိုက်ပါ၊ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်၊ အားလုံး ပြေလည်ကြပါစေဗျာ ...
<:P>

Friday, July 17, 2009

First Greeting

ကောင်းသောနေ့လေးများကို ပိုင်ဆိုင်နိုင်ကျပါစေ။ သိသလောက်လေးတွေကို ပြန်ပြောပြချင်လို့ပါ၊ Firefox Browser နဲ့ ဖတ်ရင် ပိုအဆင်ပြမယ်လို့ထင်ပါတယ်၊ ဒီဘလော့ က စာသားတော်တော်များများကို ကိုစိုးမင်း ရဲ့ burglish system ကို တော်တော်များ များအသုံး ပြု ပြီး ရိုက်သွင်းထားပါတယ်။ *** ကျတော် ယနေ့ မှစပြီး ယူနီကုဒ် ကိုချိန်းလိုက်ပါတယ် အကြောင်းကတော့ ၀င်ဒိုးစ် ၈ ကို သုံးတာကြောင့်ရယ်၊ ကီးဘုဒ်နဲ့ ဖေါင့် မလိုတာကြောင့်ပါ။ ကိုစိုးမင်းကို တော့ အမြဲ ကျေးဇူး တင်နေမှာပါဗျ .....