Thursday, July 30, 2009

IP address, default gateway, DNS assign for Linux

Linux မှာ IP, Default Gateway နဲ့ DNS ထည့်တာလေးတွေကို မှတ်မိသလောက် ရှာတွေ့သလောက်လေး ရေးပေးပါ့မယ်။ Google ကရှာထားတာပါပဲ၊ များသောအားဖြင့် Linux နဲ့ ပတ်လက်လို့ ကျတော် BackTrack ကိုအသုံးများပါတယ်။ အခြားသော Linux like OS တွေအတွက် အနည်းငယ် ကွဲပြားမလားတော့ မသိဘူး၊
konsole / terminal ကိုဖွင့်ပါ၊ ပြီး ရင် အောက်မှာဖေါ်ပြထားတာလေးတွေကို ရိုက်ကြည့်ပါ။

IP address အတွက် ifconfig eth0 xxx.xxx.xxx.xxx netmask xxx.xxx.xxx.xxx

Default Gateway အတွက် route add default gw xxx.xxx.xxx.xxx eth0

DNS အတွက်ကတော့ ဒီ command လေးကို konsole / terminal မှာ အရင် ရိုက်ကြည့်ပါ cad /etc/resolv.conf ဒါဆိုအောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်၊

# Generated by dhcpcd for interface eth0
nameserver xxx.xxx.xxx.xxx
nameserver xxx.xxx.xxx.xxx

ဒါဆိုရင် ကိုယ်ထည့်ချင်တဲ့ DNS address ကိုထည့်ဖို့ /etc/resolv.conf ဆိုတဲ့ ဖိုင်လေးကို ရှာပြီး ဖွင့် address တွေကိုပြင် ပြီးရင် save လုပ်ပါ၊ ဒါဆိုရင် အားလုံး ပြေလည်သွားပါလိမ့်မယ်။

ရှင်းလင်းချက်- eth0 - NIC ကိုဆိုလိုပါတယ်။ ath0 ကတော့ onboard wireless NIC, rausb0 ကတော့ USB wireless adapter ကိုဆိုလိုပါတယ်။
*xxx* ကိုယ်ပေးချင်တဲ့ IP ပါ ( for IP ver 4.0)။ xxx ဆိုလို့ ပေါက်ကရတွေ မကြည့်နဲ့နော် :)
PS : ကျတော်သိသလောက် ဤမျှသာ :) ပြေလည်ကြပါစေဗျာ .....



No comments:

Post a Comment