Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Thursday, July 30, 2009

Password crack with BackTrack Live CD

မိမိ ကွန်ပြူတာ password မေ့သွားတာဖြစ်ဖြစ်၊ အရေးကြီး လို့ password တွေကို ဖျက်ပြစ်ဖို့လိုလာရင် ကျတော် ကတော့ BackTrack live CD ကိုအသုံးပြုပြီးဖျက်ပြစ်ပါတယ်၊ ဒေါင်းလုတ် လုပ်ရန်အတွက် link ကိုနှိပ်ပါ သို့မဟုတ် official site http://www.remote-exploit.org/backtrack_download.html မှာဝင်ဆွဲလို့ ရပါတယ်။ အသုံးပြုပုံကတော့ ဒီလိုလေးပါ။

၁။ BackTrack CD Ver (2 or 3) နဲ့ boot တက်ပါ။
၂။ boot တက်သွားပြီးရင် konslole ကိုဖွင့်ပြီးတော့ အောက်က commad လေးတွေကို အစဉ်လိုက် ရေးထည့်ပါ။
- cd /pentest/password/chntpw
- chntpw /mnt/sda1/WINDOWS/system32/config/SAM
ပြီးရင် နံပါတ် ၁ ကိုရွေးပါ၊ ဒါဆိုရင် သင့်ကွန်ပြူတာရဲ့ administrator password က blank ဖြစ်သွားပါပြီ၊
BackTrack CD ကိုပြန်ထုတ်ပြီး ပုံမှန်အတိုင်း စက်ပြန်ဖွင့်လိုက်ပါ၊ ဒါဆိုပြေလည်သွားပြီပေါ့
မှတ်သားရန် - မိမိစက်က HDD သည် ရိုရိုး PATA လား SATA လားဆိုတာကိုသိဖို့လိုပါတယ်။
- sda1 သည် SATA ကိုဆိုလိုခြင်းဖြစ်သည်၊ PATA ဖြစ်ပါက hda1 ဟုအစားထိုးသုံးသင့်ပါတယ်။

IP address, default gateway, DNS assign for Linux

Linux မှာ IP, Default Gateway နဲ့ DNS ထည့်တာလေးတွေကို မှတ်မိသလောက် ရှာတွေ့သလောက်လေး ရေးပေးပါ့မယ်။ Google ကရှာထားတာပါပဲ၊ များသောအားဖြင့် Linux နဲ့ ပတ်လက်လို့ ကျတော် BackTrack ကိုအသုံးများပါတယ်။ အခြားသော Linux like OS တွေအတွက် အနည်းငယ် ကွဲပြားမလားတော့ မသိဘူး၊
konsole / terminal ကိုဖွင့်ပါ၊ ပြီး ရင် အောက်မှာဖေါ်ပြထားတာလေးတွေကို ရိုက်ကြည့်ပါ။

IP address အတွက် ifconfig eth0 xxx.xxx.xxx.xxx netmask xxx.xxx.xxx.xxx

Default Gateway အတွက် route add default gw xxx.xxx.xxx.xxx eth0

DNS အတွက်ကတော့ ဒီ command လေးကို konsole / terminal မှာ အရင် ရိုက်ကြည့်ပါ cad /etc/resolv.conf ဒါဆိုအောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်၊

# Generated by dhcpcd for interface eth0
nameserver xxx.xxx.xxx.xxx
nameserver xxx.xxx.xxx.xxx

ဒါဆိုရင် ကိုယ်ထည့်ချင်တဲ့ DNS address ကိုထည့်ဖို့ /etc/resolv.conf ဆိုတဲ့ ဖိုင်လေးကို ရှာပြီး ဖွင့် address တွေကိုပြင် ပြီးရင် save လုပ်ပါ၊ ဒါဆိုရင် အားလုံး ပြေလည်သွားပါလိမ့်မယ်။

ရှင်းလင်းချက်- eth0 - NIC ကိုဆိုလိုပါတယ်။ ath0 ကတော့ onboard wireless NIC, rausb0 ကတော့ USB wireless adapter ကိုဆိုလိုပါတယ်။
*xxx* ကိုယ်ပေးချင်တဲ့ IP ပါ ( for IP ver 4.0)။ xxx ဆိုလို့ ပေါက်ကရတွေ မကြည့်နဲ့နော် :)
PS : ကျတော်သိသလောက် ဤမျှသာ :) ပြေလည်ကြပါစေဗျာ .....