Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

Sunday, September 6, 2009

Partainon, Format, Windows တင်ခြင်းနှင့် ငတုံး

မနေ့က ကျတော့စက် virus ကြောင့် Windows ပြန်တင်လိုက်ရတယ်၊ မတင်ခင်မှာ စကားတစ်ခွန်းကို သတိရမိတယ် website တွေမှာ လိုက်ဖတ်ရင်း သူက ဘာပြောထားလဲဆိုတော့ " Partition ပိုင်း Format ချ Windows တင်" တတ်တာ ကလေးတောင် လုပ်တတ်တယ်လို့ ပြောတာဘဲ၊ ဒါလေးဘဲတတ်ရင် ငတုံးအဆင့်မှာဘဲ ရှိသေးတယ်တဲ့။ ဒီစကားကြီး ကြားယောင်ပြီး ကို လဲမခံချင်တာနဲ့ မရရအောင် လုပ်တာဘဲ မရပါဘူးဗျာ၊ ပိုးကတော့ သေအောင် သတ်လို့ရတယ် ဒါပေမဲ့ ပိုးစားသွားတဲ့နေရာကို ဘယ်လိုမှ ပြန်လုပ်လို့မရဘူး၊ နောက်ဆုံးတော့လဲ Windows ပြန်တင်လိုက်မှ အားလုံး အဆင်ပြေသွားတယ်၊ အချိန်တွေကုန်တာပေါ့ဗျာ၊ နောက်ဆုံးတော့လဲ ကလေးအလုပ် လုပ်ရတာပေါ့ ကောင်းပါတယ် မြန်တယ် အသစ်အသစ်တွေနဲ့ သုံးရတာကောင်းတယ်၊ ငတုံးအဆင့်ဘဲ ကောင်းပါတယ်၊ သိပ်ချွန်နေရင် ကျိုးတတ်တယ် :) ဒုက္ခပေးသွားတဲ့ကောင်ကတော့ Win32/Virut.Gen ပါ။ သုံးထားတဲ့ Anti Virus Software ကကောင်းပါတယ် ကိုယ်တိုင် ပိတ်ပြီး ဒီ Virus File ကို run လိုက်တော့ သူလဲ ဘာခံနိုင်မှာလဲ၊ လက်တည့်စမ်း လိုက်တာ သွေးပူလေ့ကျင့်ခန်းပေါ့ :)၊ အခုတော့ အေးဆေး ဖြစ်သွားပြီ :D

မှတ်ချက် --- အရေးကြီးတဲ့ဖိုင်တွေကိုတော့ တခြားမှာ သေသေချာချာ သိမ်းထားတာပေါ့ဗျာ။ ကလေး အဆင့်ပဲ ရှိသေးတာဆိုတော့ :)